Border News Agency
စစ်တကောင်း၊ စက်တင်ဘာ ၂၉။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ဖလံထောင်(ခါးကားဆိုရီခရိုင်)၊ ဂုမ္မရာမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့လုံခြုံရေးတင်းကြပ်ထားပါတယ်။
အဲဒီဖလံထောင်နယ်က အသက်တဆယ့်နှစ်နှစ်အရွယ်ရှစ်တန်းကျောင်းသူ မရမာအမျိုးသမီးငယ်ကို စက်တင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလီလူငယ်သုံးဦးမှ အဓမ္မပြုကျင့်ခဲ့ကြတာပါ။
အဲဒီကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ စစ်တကောင်းတောင်တန်းဒေသမှဌာနေတိုင်းရင်းသားတွေဆန္ဒပြတောင်းဆိုကြတာကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ကြပါတယ်။
အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘင်္ဂလီတွေအကြမ်းဖက်ပစ်ခတ်သတ်ဖြတ်လို့ ရခိုင်အပါအဝင် ဌာနေတိုင်းရင်းသားလေးဦးသေဆုံးပြီးငါးဆယ်ကျော်ဒဏ်ရာရခဲ့ကြပါတယ်။
အဲဒီအပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘင်္ဂလီတွေဟာ ဌာနေတိုင်းရင်းသားတွေရဲ့စျေးဆိုင်တွေ၊ စျေးတွေ၊ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီနောက်မြို့တော်ဒါကာအပါအဝင်မြို့တချို့မှာ တရားမျှတမှု၊ကာကွယ်စောင့်ရှောက်မှုရဖို့ဆန္ဒပြတောင်းဆိုနေကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးခြိမ်းခြောက်တာတွေပြုလုပ်နေပါတယ်။
အဲဒါကြောင့် စစ်တကောင်းတောင်တန်းဒေသ၊ ဖလံထောင်နယ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လုံခြုံရေးတင်းကြပ်ထားပါတယ်။