Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း သံတွဲခရိုင် သံတွဲမြို့နယ် အာရက္ခဒေသ

စစ်ကော်မရှင်ရန်ကို ပြည်သူတွေသတိထားဖို့ အာရက္ခတပ်တော်အသိပေး

(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကို စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုအပြီးမြင်ကွင်း / APM)

(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကို စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုအပြီးမြင်ကွင်း / APM)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
သံတွဲ၊ စက်တင်ဘာ ၂၉။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်တွေကို အာရက္ခပြည်သူလူထုပိုမိုသတိထားကြဖို့ စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့ အာရက္ခတပ်တော်ထုတ်ပြန်တိုက်တွန်းထားပါတယ်။

အာရက္ခဒေသအတွင်းတိုက်ပွဲတွေအပါအဝင် အာရက္ခဒေသအစပ်သုံးနေရာတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုများနေပြီး တပ်ပျက်နေတယ်လို့အာရက္ခတပ်တော်က ဆိုပါတယ်။

အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစုဆောင်းတာခံရတဲ့တပ်ဖွဲ့ဝင်တွေမှာ တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်းတွေမှာ အခွင့်ရရင်ရသလိုတပ်ပြေးတာတွေ၊ ဘက်ပြောင်းတာ၊ အလံဖြူထောင်အလင်းဝင်လာတာတွေ နေ့စဥ်ရှိနေတယ်လို့လည်း အာရက္ခတပ်တော်ကဆိုပါတယ်။

နောက်ပြီး အာရက္ခတပ်တော်ထိန်းချုပ်မြို့၊ ရွာတွေရှိ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ဘုန်းကြီးကျောင်းစတဲ့နေရာတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေကို နေ့၊ ညအချိန်မရွေး လေကြောင်း၊ ရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ ပိုပြီးလုပ်နေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်ကို အရင်ကထက်ပိုပြီးသတိထားကြဖို့နဲ့ စစ်ရေးသတိအပြည့်အဝအချိန်မရွေးရှိကြဖို့ ထပ်ပြီးအသိပေးတိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်းအမျိုးသမီးတွေအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဆယ့်ခြောက်ဦးထိဒဏ်ရာရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကို စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး​နှစ်ဦးသေဆုံးပြီး တဆယ့်ကိုးဦးဒဏ်ရာရရှိသွားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်ကို စက်တင်ဘာ လ ၂၉ ရက်၊ ဒီနေ့မနက်က စစ်တွေအခြေစိုက်စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။

စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၂၈ ရက်၊ မနေ့က သံတွဲနဲ့ဂွဆက်သွယ်ထားတဲ့လမ်းပိုင်းရှိ ပဒဲကောကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့သလို သံတွဲမြို့အနီးပင်လယ်ပြင်ရှိရေတပ်စစ်သင်္ဘောကြီးတွေကလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

သံတွဲမြို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ညကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

အဲဒီအပြင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ တပ်ဦးဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြရပါတယ်။

PrevPreviousစစ်တကောင်းတောင်တန်းဒေသ၊ ဖလံထောင်မှာလုံခြုံရေးတင်းကြပ်
Nextစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်းလေးဦးသေပြီး နှစ်ဆယ့်ခုနှစ်ဦးဒဏ်ရာNext
Previous Post

စစ်တကောင်းတောင်တန်းဒေသ၊ ဖလံထောင်မှာလုံခြုံရေးတင်းကြပ်

Next Post

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်းလေးဦးသေပြီး နှစ်ဆယ့်ခုနှစ်ဦးဒဏ်ရာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အရှေ့အလယ်ပိုင်းမှာ ဗိုလ်ကျနေသူ သေဆုံးပြီး အီရန်ရှုံးနိမ့်သွားပြီလို့ ထရန့်ပြော

June 10, 2026
ဓာတ်ပုံ - NUG

ကနေဒါမှာ မြန်မာ့အရေးနဲ့ SCEF ကို မိတ်ဆက်

June 10, 2026

ပခုက္ကူခရိုင်အတွင်း အညာမြေစစ်ဆင်ရေး ဖော်ဆောင်ကာ စခန်းနဲ့ရွာတွေကိုသိမ်းပိုက်

June 10, 2026
​ဓာတ်ပုံ - ဂန့်ဂေါခရိုင် တပ်ရင်း ၃

ဆော – လောင်းရှည် – ကျောက်ထုလမ်းပိုင်း သွားလာမှုမပြုဖို့ သတိပေး

June 10, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page