Border News Agency
ကစယ်ဒို၊ စက်တင်ဘာ ၃၀။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့နေအိမ်ခုနှစ်ဆယ့်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုး သားအစည်းအရုံးမှ စက်တင်ဘာလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုကို စက်တင်ဘာလ ၃၀ ရက်၊ ဒီနေ့ မနက် ၇ နာရီအချိန်မှာ သရက်ချောင်းမြို့မှတောင်ပျောက်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်ရင်း ၄၀၃၊ ၄၀၄၊ ၄၀၅ တို့ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ၄ လက်အောက်ခံ၊ တပ်ရင်း၁၂ နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက် ခိုက်ခဲ့ပါတယ်လို့ ဆိုပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်တာခံရတဲ့ စစ်ကြောင်းဟာတိုက်ပွဲနဲ့မသက်ဆိုင်သော ကျောက်လှေကားကျေးရွာရှိ ပြည်သူလူထုပိုင်နေအိမ်ခုနှစ်ဆယ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။















