Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်၏ဘာဆန်ချာရ်ကျွန်းပုံပြင် သို့မဟုတ် လူသားဆန်မှုအမြင်ကျ ဆုံးသွားခြင်း

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။
Border News Agency
ဒါကာ၊ အောက်တိုဘာ ၁။

၂၀၂၀ ပြည့်နှစ်တွင် ရိုဟင်ဂျာများအား ပထမဆုံးအသုတ် ဘာဆန်ချာရ်ကျွန်းသို့ရွှေ့ပြောင်းခဲ့သည်။

ထိုအချိန်တုန်းက လှပသောစကားလုံးများအာမခံချက်များက ဘင်္ဂလားပင်လယ်အော်ထဲသို့ ထိုးထွက်နေသောထိုကျွန်းသည် ရိုဟင်ဂျာများအတွက်ဘေး ကင်းလုံခြုံကောင်းကင်ရိပ်မြုံတခုပမာ။

ကွန်ကရစ်အဆောက်အအုံများ၊ ဒီရေကာတာတမံများ၊ ဆိုင်ကလုံးကာကွယ် ရေးစခန်းများ၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းများစသဖြင့် လူသားဆန်မှုရုပ်ထွက်လှလွန်းသည့်သက်သေတခုအဖြစ်ထင်မှတ်စရာ။

ဘာဆန်ချာရ်ကျွန်းကား ရိုဟင်ဂျာဒုက္ခသည်များကို နေရာချထားမည့်ပရိုဂျက်တခုသာမဟုတ်။ ဘင်္ဂလားဒေ့ရှ်၏နိုင်ငံရေးကြေညာချက်တခုလည်းဖြစ်ခဲ့သည်။

ထိုကြေညာချက်၏အဓိပ္ပါယ်က ဘင်္ဂလားဒေ့ရှ်သည် ဤပုံဤနည်းဖြင့်ဒုက္ခသည်အရေးကို ဖြေရှင်းနေခဲ့ရဖူးပြီ။ အနည်းဆုံးတော့ဖြေရှင်းမှုလုပ်ငန်းစဉ်အရေအတွက်လောက်ကို ချပြနိုင်မည်ဆိုသည့် သဘောပင်။

သို့သော်… ငါးနှစ်ခန့်အကြာတွင် ဘေးကင်းလုံခြုံကောင်းကင်ရိပ်မြုံသည်လည်း ပင်လယ်ထဲမျှောပါသွားပြီ။

အဆောက်အအုံများအရည်အသွေးမမှီမှု၊ အရည်အချင်းမပြည့်ဝမှု၊ စီမံခန့်ခွဲမှုများတွင် မေးခွန်းထုတ်စရာအပြည့်ဖြင့် ဘာဆန်ချာရ်ကျွန်း၏ မျက်နှာဖုံးမှာ တဖြေးဖြေးနှင့်ကျွတ်ကျလာတော့၏။

မြေပြင်တွင်ဖြစ်လျှက်ပျက်လျှက် ပကတိအနေအထားကထိုကဲ့သို့။ လူသားဆန်မှုဟူသည်က ဟန်ပြစကားလုံးလူကြားကောင်းရုံ။

ဤအခြေအနေအားလုံးက ခေါင်းစားစရာကောင်းလှသည် စီမံခန့်ခွဲမှုပြဿနာတော့မဟုတ်။

အစိုးရတရပ်၏ဂရုဏာစာနာစိတ်ဘယ်လောက်ခိုင်မာသည်ကို ပြနေသောပုံရိပ်များသာ ဖြစ်လာသည်။

လက်ရှိတွင်တော့…ရိုးရှင်းပါ၏။ ဘာဆန်ချာရ်ကျွန်းပုံပြင်သည်လည်း ကြက်ပျောက်ငှက်ပျောက်။ အဝါမိလိဂ်လက် ထက်တုန်းကလည်း စိတ်ပါလက်ပါမဟုတ်ခဲ့။ လက်ရှိကြားဖြတ်အစိုးရလက်ထက်တွင်တော့ ရပ်တန့်လျှက်။

ဤပုံပြင်အား ဆက်ရန်တုံဏိဘာဝေ ဆိတ်ဆိတ်နေလျှက်။ တချီတချီ တာကာငွေ ဘီလီယံနဲ့ချီသုံးခဲ့သော စီမံကိ န်းများ…။

ခုဘယ်သူမှ ထမ်းမပိုးလိုတော့သော ပြည်သူ့ကြွေးမြီအဖြစ်ရှိနေတော့သည်။

ဘာဆန်ချာရ်ကား ကောင်းကင်ရိပ်မြုံမဆန်တော့ စီမံခန့်ခွဲမှုအလွဲအမှားများကသာ အမိုက်ပုံကဲ့သို့သောင်တင်နေခဲ့ပြီ။

ကြိုတင်ဟောကိန်းလည်းထုတ်နိုင်ပါ၏။ စနစ်တကျဖြင့်ကို ဘာဆန်ချာရ်၏ကျဆုံးမှုအပေါ်တွင်။ ကုန်းမကြီးနှင့်ဆက်သွယ်ရေးက မကောင်းနိုင်၊ ခက်ခဲပါအုံးမည်။

ကျန်းမာရေးအင်စတီကျူးရှင်းများ ဆိုသည်မှာလည်း စီမံခန့်ခွဲမှုဘက်ကကြည့်လျှင် ချောက်ကမ်းပါးထဲ ကန်ချနေသလို။ နေမကောင်းဖြစ်ကြည့်လိုက်၊ နိုခါလီရှိဆေးရုံကို အချိန်မှီမရောက်နိုင်၊ ဤကားလူ့အသက်၏သေရေးရှင်ရေးပင်။

လောင်စာဆီက ဝယ်ရခက်ဆဲ၊ ဂက်စ်မီး ဖိုဖြင့်ထမင်းချက်လျှင်လည်း ထပ်ဖြည့်ရန်နေရာကမရှိ။ အော်ဒါမှာယူစနစ် ဒလီဖြင့်ပို့ခိုင်းပြန်လျှင်လည်း ကော့ဘဇားကမ့်ထဲမှာထက်သုံးဆယ်ရာခိုင်နှုန်းကကုန်ကျစာရိတ်များနေသေးသည်။

အစိုးရကစျေးကွက်ဖော်သည့်တိုင် အ ထစ်အငေါ့ကရှိဆဲ။ဖိဖိစီးစီးလုပ်မည်အ စား ဘာဆန်ချာရ်ကျွန်းက ရေနုတ်မြောင်းလိုလာသမျှအမိန့် အကုန်ရေစီးထဲပါသွားပြီ။

ဘာဆန်ချာရ်ကျွန်းကာ အထီးကျန်မှုများ လာစုထားသည့်နှယ်။ ဒုက္ခသည်များအတွက် ထောက်ချောက်တခု၊ လွတ်လပ်စွာစုဝေးခွင့်ကလည်း ကြက်ပျောက်ငှက်ပျောက်။

တချိန်တခါက ကော့ဘဇားကမ့်ထဲက ဆွေမျိုးများထဲ အလည်အပတ်သွားခွင့် ပေးခဲ့ဖူး၏။

နောက်ပိုင်း ရံပုံငွေလိုအပ်ချက်ကြောင့် ထိုအစီအစဉ်ကို ဖျက်လိုက်ပြီဟုဆိုသ ည်။မိသားစုနှင့်ပြတ်တောက်၊အခြေခံပ ညာထက်ထပ်၍အတန်းတက်ခွင့်လည်းမရှိ၊ဆေးဝါးရိက္ခာကလည်းမရှိ၊ဒုက္ခသ ည်များမှာလည်း လှောင်ချိုင့်ထဲပိတ်မိ။

ပင်လယ်လှိုင်းကာတံတိုင်းများ၊ ကွန်ကရစ်အဆောက်အအုံများနဲ့တပိုင်းတစ ဘာဆန်ချာရ်ကျွန်း၊ ရုတ်တရက်ကြည့်လျှင်လူ့အဖွဲ့အစည်းတရပ်နေသည့်နေ ရာလား။ အကျဉ်းထောင်လား။ မခွဲခြားတတ်တော့။

အချို့ကလည်း အခါအခွင့်ရသည်နှင့် ကျွန်းမှထွက်သွားတော့သည်။ထွက်သွားရပုံကလည်း ပင်လယ်ပြင်ခရီး အန္တရာယ်အပြည့်ဖြင့်၊ လျှို့ဝှက်သည်းဖို လူမသိသူမသိ စွန့်စားရသည့် ခရီးစဉ်တခုလိုသာ။

အနာဂတ်ကို ဘယ်သူမှကြိုမမြင်နိုင်။ ကျွမ်းကျင်သူများကတော့ ပြောခဲ့ဆိုခဲ့အငြင်းပွားခဲ့သည်။

ရိုဟင်ဂျာများအား ဘာဆန်ချာရ်ထံပို့မည့်အစီအစဉ်ကို၊လူမသိသူမသိသည့်နေ ရာကို သီးသန့်ခွဲထားလိုက်သလိုဖြစ်မည်။

ထိုနေရာတွင် ဘာမှမပြည့်စုံ။လူသားဆန်မှုပုံစံလည်းနတ္ထိသာ။ စီမံကိန်းကကြီးသလောက် ဒုက္ခသည်များအတွက် မသာယာနိုင်။

အစိုးရက မဟာဂရုဏာတော်ရှင်အဖြစ် ပုံတော်ဖမ်းလျက်အစားအသောက်များကို ပို့ပေးမည်ဟု ပြင်လိုက်သေး၏။ နေစဉ်လူမှုဘဝလိုအပ်ချက်ကြီးကြီးမားမားအောက်တွင် ဆင်ပါးစပ်ထဲ နှမ်းတဆုတ်ပက်သလို။ မဟာဂရုဏာတော်စီမံ ကိန်းလည်းပျောက်သွားပြန်သည်။

ဘဏ္ဍာငွေအရင်းအမြစ်ဘက်ကကြည့်လျှင် အရင်းပါပြုတ်လုံးလုံးမြုပ်။ တာကာငွေ ကုဋေပေါင်း ၂၃၀၀၊ ကုန်းမြေပေါ်က ဒုက္ခသည်များအတွက် ပညာရေး၊ ကျန်းမာရေး၊ အခြားအခြေခံအဆောက်အအုံများအတွက် ကောင်းကောင်းအသုံးချနိူင်သည့်ပမာဏ ဘာဆန်ချာရ်ကျွန်းတွင် သဲဖြူးလိုက်သလို ဖြစ်သွားပြီ။

ခုတော့အားလုံးက ဥပက္ခာပြုကြပြီ။ ဘင်္ဂလားပင်လယ်အော်ကို နောက်ခံထား၍ဆင်ဖြူတကောင် စိတ်ကြိုက်အသီးများကို ခူးဆွတ်သွားသလို ဘယ်သူမှ ဆင်ဖြူကို မမောင်းချရဲ။ အထစ်အငေါ့များက အမြဲတန်းခါးသီး၏။

ရိုဟင်ဂျာကိစ္စသည် ဘင်္ဂလားဒေ့ရှ်ဆ ယ်စုနှစ်တခုစာ တကိုယ်တော်ရင်ဆိုင်ခဲ့ရသည့် လူသားချင်းစာနာမှုအခက်အ ခဲ။အရင်းအမြစ်များဖြင့် ဖြေရှင်းချိန်တလျှောက် အရင်းအမြစ်များကို အတုံးလိုက် အတစ်လိုက် ဖျောက်ဖျက်လိုက်သလိုပင်။ရလဒ်က မလူးသာ မလွန့်သာ ရပ်ဝန်းတခုသာ ပေါ်ပေါက်လာတော့ သည်။

ဘာဆန်ချာရ်ကျွန်းထဲ ကျန်နေခဲ့သော ရိုဟင်ဂျာဒုက္ခသည်များအတွက် သားရဲပြွန်းသည့်တောထဲ နေရသည့်နှယ်။ သို့မဟုတ် သီးသန့်တိရစ္ဆာန်များကို ပြစားရန်ထားသလို အစားအစာ၊ ရေသန့်ဆေးပြား၊ ပညာရေးက ဝေစုခွဲတမ်းနှင့်။

ထိုဝေစုတောင် ခုကနည်းပါးလာပြီ။ တဝမ်းတခါးအတွက် ရှာစားဖွေစားရန်ကြံသည်ရှိသေး… ဒေသခံငါးဖမ်းသမားများနှင့်စကားများရပြီ။ ဂဏန်းထောင်၊မြုံးထောင်ရင်တောင် တရားမဝင် ဥပဒေမဲ့ဟု တံဆိပ်ကပ်ခံနေရ၏။ ကျွန်းပေါ်လုံခြုံရေးတပ်ဖွဲ့များက အမြဲစောင့်ကြည့်နေသည်။

သို့သော် ဒုက္ခသည်များ၏ ပူးဆွေးဝမ်း နည်းမှုကိုတော့ စောင့်ကြည့်နေပုံမပေါ်။ ကျွန်းက ရိုဟင်ဂျာများအတွက် တိုးတက်ရာ တိုးတက်ကြောင်းနေရာတခု မဟုတ်တော့။ သူတို့ကို ထိန်းချုပ်ထားသော နေရာတခု ဖြစ်လာခဲ့ပြီ။

ဘာဆန်ချာရ် စီမံကိန်းကိုထောက်ခံသူများက အခြေခံအဆောက်အအုံများ၊ တာတံမံများ၊အုတ်စီအိမ်များကို လက်ညိုးပြကြသည်။

သို့သော် လူသားဂုဏ်သိက္ခာဟူသည် ဘိလတ်မြေဖျော်စက်ထဲက ထွက်လာသော ကွန်ကရစ်လို အင်ဂျင်နီယာဆန်ဆန် တည်ဆောက်၍ရသည်မဟုတ်ကိုတော့ မေ့နေကြသည်။

ကွန်ကရစ်အဆောက်အအုံများသည် ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်သည့် အချက်မဟုတ်။မူဝါဒလိုသည်။နိုင်ငံတ ကာ သံခင်းတမန်ခင်းလိုသည်။ရေရှည်အစီအမံလိုသည်။

ကျွန်းပေါ် ရိုဟင်ဂျာများကို သီးသန့်ထားလိုက်မှုက အုပ်စုခွဲလိုက်သလို အထီးကျန်စေသည်။

နိုင်ငံတကာအဖွဲ့အစည်းများကလည်း ကောဇ့်ဘဇားဒုက္ခသည်စခန်းများတွင်သာ ဟန်ကိုယ်ဖို့လုပ်ရသည်ကိုသာ အရ သာတွေ့သည်။ဘာဆန်ချာရ်အတွက် သီးသန့်အစီအစဉ်ရှိပုံ မပေါ်။

ဘာဆန်ချာရ်စုန်းလုံးမြုပ်ခဲ့သည်က အစိုးရ၏အစီအစဉ် ရှူနာရှိုက်ကုန်းဖြစ်ခဲ့သည့်ပြယုဂ်။

ဘင်္ဂလားဒေ့ရှ်၏ဖြေရှင်းမှုဆိုသည်က ရှိုးပွဲသာသာ၊ ဖဲကြိုးဖြတ်ဖွင့်လစ်ခြင်း အခမ်းအနားများသာ၊ ရေရှည်ဖြေရှင်းမှု အစီအမံဆိုသည်က နိတ္ထိတံ။ ကျွန်းထဲတွင်တော့ သေသပ်သောအဆောက် အအုံများရှိပါ၏။

ဤပုံရိပ်မျှလောက်ဖြင့် နိုင်ငံရေးအရ ရုပ်ထွက်လှပြီဟု ထင်နေကြတုန်းပင်။ ထိုအဆောက်အအုံများအတွက် ဘတ် ဂျက်ကို သုံးရန် ကော့ဘဇားရှိဒုက္ခသ ည်များ၏ လိုအပ်ချက်ကို လစ်လျှူရှုခဲ့သည်။

ရလဒ်ချိုမြိန်ခြင်းက ဒုက္ခသည်များအတွက်မဟုတ်။ ကန်ထရိုက်များ၊ အကြံပေးများ၊ဆောက်လုပ်ရေးကုမ္ပဏီများစသဖြင့် ပတ်သက်ရာပတ်သက်ကြောင်းများအတွက်သာ။

လက်ရှိတွင်တော့ ကြားဖြတ်အစိုးရက ဒုက္ခသည်များကို ဘာဆန်ချာရ်ကို ပို့ရန်လည်း ဆန္ဒမရှိပြီ။

သို့သော် မေးခွန်းက ထပ်လာနေသည်။ ဘာကိုဆက်လုပ်မလဲ။ ဘာဆန်ချာရ်တွင် ရိုဟင်ဂျာပေါင်းသုံးသောင်းခုနှစ်ထောင်သောင်တင်နေပြီ။

နိုင်ငံရေးမူဝါဒဘောင်နှင့်အနာဂတ်အတွက်ဘာမှ မတောင်းဆိုနိုင်ခြင်းကာ မလူးသာမလွန့်သာ ပိတ်မိကုန်ခဲ့ပြီ။

ကောဘဇားဒုက္ခသည်စခန်းထဲသို့ သူတို့ကိုပြန်ခေါ်ခြင်းက ထင်သလောက်မလွယ်ကူတော့။

လိုနေသည်က ပိုမိုသစ်လွင်လတ်ဆတ်သော မူဝါဒ၊ ပညာရေး၊ ကျန်းမာရေးစသည့်ကိစ္စများ။

ဤကဲ့သို့ လိုအပ်ချက်များတွင် ဒဏ်ရာကများခဲ့ရပြီ။

ဘာဆန်ချာရ်ဟူသည် ပုံရိပ်ကားချပ်တခု၊အခွင့်အရေးများကို လွင့်ပစ်ခဲ့သည့်လွမ်းစရာပန်းချီ။

နိုင်ငံတကာဖိအားဖြင့် ဒုက္ခသည်များအား မူရင်းနေရပ်ကို ပြန်နိုင်အောင်ပြုရမည့်အစား၊နိုင်ငံတကာရံပုံငွေများကို ဒုက္ခသည်များအတွက် အကျိုးရှိအောင် သုံးရမည့်အစား၊ဘင်္ဂလားဒေ့ရှ်ရွေးချယ်လိုက်သည်က ဘင်္ဂလားပင်လယ်ပြင်ကို နောက်ခံထား၍ ပိသုကာဆန်အ ဆောက်အအုံများသာ။

ဘာဆန်ချာရ်က အင်ဂျင်နီယာပိသုကာလက်ရာများဖြင့် အမြင်တင့်သလောက် ရိုဟင်ဂျာဒုက္ခသည်များအတွက်တော့ မျှော်လင့်ချက်ကို သင်္ဂြိုလ်လိုက်ရသည့် သင်္ချိုင်းသုဿန်။

ဘာဆန်ချာရ်ကျွန်းစီမံကိန်းက ရိုဟင်ဂျာများအတွက်အသက်ရှုပေါက်လည်းမဖြစ်ခဲ့။ ဘင်္ဂလားဒေ့ရှ်အတွက် ဝန်ထုတ်ဝန်ပိုးလည်း မလျော့ကျသွားခဲ့။ ဘာဆန်ချာရ်တွင်ရှိနေသည့်က စာရင်းစစ်ဟောင်းများနှင့် ကျိုးပဲ့နေသည့် ကတိ ကဝတ်များ ပင်လယ်ထဲမျှောပါသွားသော ရေနုတ်မြောင်းများသာရှိသည်။

ဘာဆန်ချာရ်က သတိပေးနေသော ခေတ်သစ်ပုံပြင်ဆန်ခဲ့လေပြီ။ လူသားချင်းစာနာထောက်ထားမှုကို အင်ဂျင်နီယာပိသုကာ အဆောက်အအုံလုပ်ကွက်နဲ့ အထီးကျန်ဆန်ဆန် သီးခြားဖြေရှင်း၍မရကြောင်း ပြောပြနေပြီ။

ပွင့်လင်းရမည်။မြင်သာရမည်။ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားရမည်။ ထိုအရာများမရှိခဲ့။မျက်ကွယ်ပြုခံခဲ့ရသည်။

မျက်ကွယ်ပြုနေသော အမှန်တရားအတွက် ငွေကြေး၊ ယုံကြည်မှု၊လူ့ဘဝအချိန်များ လေလွင့်ခဲ့ရပြီ။ မကြာမှီကာလတွင် ဘာဆန်ချာရ်ပုံပြင်သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဇာတ်ခုံတွင် မှေးမိန်ပျောက်ကွယ် ကန်လန့်ကာချသွားတော့မည်။

ထိုဇာတ်လမ်းတွင် ကျဆုံးခဲ့သော အတွေ့အကြုံ​အကြောင်း ပြန်မပြောနိုင်သည့် မနည်းသောဒုက္ခသည်များအပါအဝင် အားလုံးအတွက်တော့ ကန့်လန့်ကာချလိုက်ခြင်းက နောက်ဇာတ်လမ်းအ​တွက် ပိုကောင်းပါသည်။

HM Nazmul Alam ၏ BHASAN CHAR Failure of humanitarian spectacle ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

မူရင်းဆောင်းပါးရှင် HM Nazmul Alam သည် နိုင်ငံရေးသုံးသပ်သူဂျာန ယ်လစ်ဖြစ်ပြီး ဒါကာအခြေစိုက် International University of Business, Agriculture and Technology (IUBAT) တက္ကသိုလ်၏ဆရာတဦးလည်းဖြစ်သည်။

မူရင်း

  • https://www.newagebd.net/post/Opinion/277339/failure-of-humanitarian-spectacle
PrevPreviousကစယ်ဒိုမှာ စစ်ကော်မရှင်တပ်နေအိမ် ခုနှစ်ဆယ်ကျော်မီးရှို့ဖျက်ဆီး
Nextအကြမ်းဖက်သမားတွေသတ်ဖြတ်ထားတဲ့ အရပ်သားခြောက်လောင်းတွေ့Next
Previous Post

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်နေအိမ် ခုနှစ်ဆယ်ကျော်မီးရှို့ဖျက်ဆီး

Next Post

အကြမ်းဖက်သမားတွေသတ်ဖြတ်ထားတဲ့ အရပ်သားခြောက်လောင်းတွေ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ICJ ရစ်သမ်နှင့်အက်ကြားအိုဟာမိုနီများ – ၁

January 21, 2026

​ရွေးကောက်ပွဲအတုနဲ့ ရာဇဝတ်မှုတွေကိုဖုံးကွယ်လို့မရဘူးလို့ ဦးကျော်မိုးထွန်းပြော

January 21, 2026

ရာနဲ့ချီတဲ့ရွာတွေမှာ သတ်ဖြတ်မှုရှိတယ်ဆိုတာသက်သေမခိုင်လုံဘူးလို့ မြန်မာရှေ့နေ Ms. Leigh Lawrie KC ချေပ

January 21, 2026

မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့မူဝါဒတွေဟာ လူမျိုးသုဉ်းစေဖို့မရည်ရွယ်ဘူးလို့ Mr. Christopher Staker ချေပ

January 21, 2026

မြန်မာအရေးလှုပ်ရှားသူတွေက ထိုင်းရောက်မြန်မာတွေစည်းကမ်းရှိရှိ နေထိုင်ဖို့သတိပေး

စစ်မြေပြင်မှာစွန့်ပစ်ရုံတင်မက လေကြောင်းကပါ သတ်ဖြတ်ခံလိုက်ရတဲ့ စစ်သုံ့ပန်းမိသားစုတွေ

AA အကျဉ်းစခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဆယ့်တဦးသေ

ICJ ရစ်သမ်နှင့်အက်ကြားအိုဟာမိုနီများ – ၁

​ကမ္ဘာ့နိုင်ငံအချို့မှာ ရာစုနှစ်ဝက်အတွင်း အပြင်းထန်ဆုံးအအေးလှိုင်းနဲ့ နှင်းမုန်တိုင်းတွေဖြစ်နေ

ဒူးသထူခရိုင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ ဆွမ်းစားဆောင်တလုံးပျက်စီး

Releated Post

မြန်မာအရေးလှုပ်ရှားသူတွေက ထိုင်းရောက်မြန်မာတွေစည်းကမ်းရှိရှိ နေထိုင်ဖို့သတိပေး

January 21, 2026
Photo - ONN

စစ်မြေပြင်မှာစွန့်ပစ်ရုံတင်မက လေကြောင်းကပါ သတ်ဖြတ်ခံလိုက်ရတဲ့ စစ်သုံ့ပန်းမိသားစုတွေ

January 21, 2026
Photo - ONN

AA အကျဉ်းစခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဆယ့်တဦးသေ

January 21, 2026

ICJ ရစ်သမ်နှင့်အက်ကြားအိုဟာမိုနီများ – ၁

January 21, 2026
ဓာတ်ပုံ - ရုရှားနိုင်ငံမှာ အအေးလှိုင်းနဲ့နှင်းမုန်တိုင်းတွေဖြစ်နေပုံ (Thai PBS news)

​ကမ္ဘာ့နိုင်ငံအချို့မှာ ရာစုနှစ်ဝက်အတွင်း အပြင်းထန်ဆုံးအအေးလှိုင်းနဲ့ နှင်းမုန်တိုင်းတွေဖြစ်နေ

January 21, 2026
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

ဒူးသထူခရိုင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ ဆွမ်းစားဆောင်တလုံးပျက်စီး

January 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page