Border News Agency
ညောင်ဦး၊ အောက်တိုဘာ ၄။
မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားပုထိုး၊ အဆောက်အအုံ၊ နံရံပန်းချီ၊ အင်္ဂတေတွေကို အဆောက် အအုံပိုင်းဆိုင်ရာကြံ့ခိုင်ထိန်းသိမ်းတာ၊ ဓာတုဗေဒနည်းနဲ့ထိန်းသိမ်းတာ(ဒုတိယအဆင့်)ကို အောက်တိုဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီး၊ရှေးဟောင်းသုတေသနနဲ့အမျိုး သားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ အိန္ဒိယသံရုံးအမြဲတမ်းအတွင်းဝန်၊ ဧည့်သည်တော်တွေ၊ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးကျော်မင်းညိုအပြင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒုတိယအဆင့်အနေနဲ့ ၂၀၂၅မှ၂၀၂၈ ခုနှစ်ထိ ရှေးဟောင်းအဆောက်အအုံငါးဆယ်ဆူကို အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းတာ၊နံရံပန်းချီ၊အင်္ဂ တေပန်းဆိုင်ရာထိန်းသိမ်းတာတွေ ဆ က်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အဆောက်အအုံဆယ့်ငါးဆူကို အထူးထားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။










