Border News Agency
စစ်တွေ၊အောက်တိုဘာ ၅။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ ပြည်နယ်စစ်ကော်မရှင်ဟာ စစ်တွေမြို့၊လောကာနန္နာဘုရားမှာ သီတင်းကျွတ်အဖိတ်နေ့အထိမ်းအမှတ်အဖြစ် ဆွမ်းကြီးလောင်းပွဲနဲ့ ဆွမ်းဆန်တော်လောင်းပွဲကို အောက်တိုဘာလ ၅ရက်၊ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာသံဃာတော်အပါးငါးရာကျော်နဲ့ သီလရှင်အပါးတရာကို ငွေကြေး၊ပစ္စည်စုစုပေါင်းတန်ဖိုးသိန်း ၁,၇၀၀ ခန့်ကို လှူခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့မှာ ဆွမ်းကြီးလောင်းပွဲနဲ့ဆွ မ်းဆန်တော်လောင်းပွဲကို နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။