Border News Agency
မောင်တော၊ အောက်တိုဘာ ၆။
မောင်တောမြို့နယ်၊လိပ်ရခွဆုံနဲ့သာ ယာကုန်းရွာကြားမှာအောက်တိုဘာလ ၅ ရက်နေ့၊ မနက်က ဒေသခံသုံးဦးကို အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။
သူတို့သုံးဦးဟာ အောက်တိုဘာ ၅ ရက်၊မနက် ၉ နာရီခွဲအချိန်ခန့်က တောင်ပြိုမှ အောင်သာယာရွာသို့ ဆိုင်ကယ်နဲ့ပစွည်းတွေသယ်ယူလာချိန် လိပ်ရခွဆုံနဲ့ သာယာကုန်းရွာအကြားမှာ အကြမ်းဖက်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရတာပါ။
အဲဒီအကြမ်းဖက်အဖွဲ့ဟာ သူတို့သုံးဦးကိုသေနတ်တွေနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုင်ကယ်ကိုထားခဲ့ပြီး စျေးပင်ချောင်းခွဆုံဖက်သို့ ထွက်ပြေးကြပေမယ့် ကိုမင်းထွန်းအောင်မှာညာဖက်နဖူးမှာဒဏ်
ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊အောင်သာယာရွာက အသက်သုံးဆယ်သုံးနှစ်အရွယ်ဦးနိုင်နိုင်ကျော်၊ အသက်နှစ်ဆယ့်လေးနှစ်အရွယ်ကိုအာကာအောင်၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုမင်းထွန်းအောင်တို့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်လို့ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုမင်းထွန်းအောင်မှာ ညာဖက်နဖူးမှာ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလိုအကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာကို အကြမ်းဖက်သမားတွေဟာ ရုပ်သံထုတ်ပြန်ဝန်ခံထားကြပါတယ်။
အဲဒီလို အစ္စလာမ်မစ်အစွန်းရောက်အ ကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကြောင့် မောင်တောနယ်စပ်ရှိ မိဘပြည်သူတွေအနေနဲ့ လူပြတ်တဲ့နေရာတွေကိုသွား လာကြချိန်မှာ တဦးတည်း(သို့)လူအနည်းစုနဲ့သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့ကိုလည်းသတိပေးထားပါတယ်။
အဲဒီအပြင် ကျန်းမာရေးကိစ္စအပြင် မဖြစ်မနေသွားလာရမယ့်အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့ သတိပေးထားပါတယ်။
အဲဒီ အာရက္ခ–ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေက ခုလိုမျိုးအကြမ်းဖက်လှုပ်ရှားတာတွေဟာအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အပြစ်မဲ့အာရက္ခပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကိုခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရ သတိထားရမယ့် အချိန်ကာလဖြစ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က အာရက္ခတပ်တော်မှ သတိပေးထုတ်ပြန်ခဲ့ပါတယ်။