Border News Agency
သီပေါ၊ အောက်တိုဘာ ၇ ။
သီပေါမြို့ကို သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင်အရပ်သားသုံးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘလ ၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သီပေါမြို့ရှိမိုက်ခရိုဝေ့ပ်ဆက်သွယ်ရေးထဲကို အောက်တိုဘာလ ၆ ရက်၊ မနေ့ မနက် ၇ နာရီ ၄၂ မိနစ်အချိန်က လေကြောင်းမှ ပေါင်၂၅၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် တနှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ဦးသောနနဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ဦးပတူးတို့ဒဏ်ရာရသွားကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် မိုက်ခရိုဝေ့ပ်အဆောက်အဦးနဲ့ နေအိမ်တလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနမ္မတူမြို့မြို့မစျေးရပ်ရပ်ကွက်၂ ကိုလည်း မနေ့မနက် ၇ နာရီ ၄၅ မိနစ်အချိန်ကလေကြောင်းတိုက်ခိုက်လို့ အရပ်သားနေအိမ် ခြောက်လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သီပေါမြို့ မန်ဟဲရွာ၊အုံမုကျေးရွာ၊မြို့တွင်းဇာတ်စုရပ်ကွက်နဲ့ကျင်သီကျေးရွာကို အောက်တိုဘာလ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကျင်သီကျေးရွာရှိ အရပ်သားနှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရသွားခဲ့သလိုဘုန်းကြီးကျောင်း၊ စာသင် ကျောင်းအပါအဝင် နေအိမ်ဆယ့်သုံးလုံးလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့လေကြာင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတ ပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားတဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေပစ်ခတ်ပြီး အပြစ်မဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။









