Border News Agency
မဲဆောက်၊ အောက်တိုဘာ ၁၆။
သံလွင်ခက်သတင်းဌာနတည်ထောင်တာ ကိုးနှစ်ပြည့်နဲ့ Olive Educational Development Center (OEDC) သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့ကို အောက်တိုဘာလ ၁၆ ရက်၊ ဒီနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေသင်ကြားရေးစင်တာမှာပြုလုပ်ခဲ့ပါတယ်။
အဲဒီသံလွင်ခက်သတင်းဌာနနဲ့(OEDC) အဖွဲ့အစည်းတည်ထောင်သူအယ်ဒီတာချုပ်ဇေယျာမင်းက အခန်းအဖွင့်အမှာစကား ပြောခဲ့ပါတယ်။
အဲဒီမှာ Computer Basic Course၊ New Road၊ Cooking Class (Batch-1)၊ Cooking Class (Batch-2)၊ Documentary Production Course၊ A+ Certification Course သင်တန်းတက်ခဲ့သူတွေကို သင်တန်းဆင်းလက်မှတ်တွေ ပေးခဲ့ပါတယ်။
သံလွင်ခက်သတင်းဌာနရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း၊ ကွယ်လွန်သွားခဲ့ကြတဲ့ ကိုထက်ဝေနဲ့ မဝေသဇင်အောင်(ခ) မဝေလေးအတွက် အောက်မေ့ဖွယ်ဆုတောင်းပေးခဲ့ကြပါတယ်။
နောက်ပြီး သံလွင်ခက်သတင်းဌာနနဲ့(OEDC) တွဲဖက်တည်ထောင်သူစုမြတ်ဝေက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သူတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

























