Border News Agency
မုံရွာ၊ အောက်တိုဘာ ၁၆။
မုံရွာမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့် ကျင်တဲ့တော်လှန်မီးသပိတ်လူထုလှုပ် ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီတော်လှန်မီးသပိတ်မှာစစ်အုပ်ချုပ်ရေးအပေါ် ဆန့်ကျင်သံတွေနဲ့အတုအ ယောင်ရွေးကောက်ပွဲလက်မခံ၊ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်း သားတွေလွတ်မြောက်ရေး၊အဓမ္မစစ်မှု ထမ်းဥပဒေဆန့်ကျင်ရေးစတဲ့စာသားတွေနဲ့မီးတိုင်တွေကိုင်ပြီး လူထုလှုပ်ရှားမူပြုလုပ်ခဲ့ကြတာပါ။
အဲ့ဒီအပြင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကလည်း စစ်ကော် မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူသေဆုံးမှုတွေ ဖြစ်ပေါ်နေပေမယ့် ပြည်သူ့အင်အားကိုဆက်ပြ သသွားမယ်လို့ ဆိုပါတယ်။






















