Border News Agency
နမ့်ဆန်၊အောက်တိုဘာ ၁၉။
နမ့်ဆန်မြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ကိုအောင်အောင်နဲ့ အသက်နှစ်ဆယ်လေးနှစ်အရွယ် ဦးချစ်စမ်းမောင်ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်ကို အောက်တိုဘာလ ၁၉ရက်၊ ဒီနေ့နေ့လယ် ၁၂နာရီကျော်အချိန်က လေကြောင်းကနေ ပေါင်နှစ်ရာငါးဆယ်ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒါကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်နှစ်အိမ်၊ လက်ဖက်စက်ရုံတရုံ၊ မီးသတ်ကားငါစီးနဲ့ ကားလေးစီး ပျက်စီးခဲ့ပါတယ်။
မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်မှာလည်း စစ်ကော်မရှင်တပ်က ပေါင်နှစ်ရာငါးဆယ်ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်လို့ နေအိမ်ခြောက်လုံး ပျက်စီးသွားခဲ့ပါတယ်။
မိုင်းငေါ့မြို့နယ်၊ လွယ်ပိန်းကျေးရွာမှာလည်း စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲချခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ဇရပ်တဆောင်မှာ ပျက်စီးခဲ့ပါတယ်။














