Border News Agency
လောက်ကိုင်၊ အောက်တိုဘာ ၂၃။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်နယ်မြေအတွင်း အထူးဒေသ ၁ သိန္နီခရိုင်မှာ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးသင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာ လ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအုပ်ချုပ်ရေး စီမံခန့်ခွဲရေးအပတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို အောက်တိုဘာ လ ၂၀ ရက်နေ့က သင်တန်းအတွက် လှုံ့ဆော်စည်းရုံးရေးတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းဖွင့်ပွဲမှာ သင်တန်းဆရာ၊ ဆရာမသင်တန်းသူ၊ သင်တန်းသားတရာ့ငါးဆယ်ဦး တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။











