Border News Agency
လောက်ကိုင်၊ အောက်တိုဘာ ၂၃။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေ၊ မုံးကိုးမြို့နယ်မှ ကြောင်ဟော်ထန်ကျေးရွာကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ မုံကိုးခရိုင်အုပ်ချုပ်ရေးကော်မတီနဲ့ ကျန်းမာရေးဌာနတွေပူးပေါင်းပြီး မုံးကိုးမြို့နယ်၊ ကြောင်ဟော်ထန်ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်နေ့က အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျေးရွာမှ ရွာသားတွေကိုသွေးပေါင်ချိန်တာ၊ သွေးတွင်းသကြားဓာတ်စစ်ဆေးတာ၊ ကိုယ်ခန္ဓာစမ်းသပ်တာ၊ နာတာရှည်ရောဂါတွေအတွက် လမ်းညွှန်အကြံဉာဏ်ပေးခြင်းတွေအပြင်ကျန်းမာရေးဗဟုသုတပြန့်ပွားရေးတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
လုပ်ငန်းအလိုက်စနစ်တကျခွဲခြားထားတဲ့ နေရာတွေမှာပြည်သူတွေဟာ တနေရာတည်းမှာလိုအပ်တဲ့ ဆေးကုသမှုတွေကို လွယ်လွယ်ကူကူရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စုစုပေါင်းလူနာတရာ့ခြောက်ဆယ်သုံးဦးကိုလည်း ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်တာဟာ ကုသတာထက် ပိုအရေးကြီးတယ်ဆိုတဲ့ သဘောတရားအပေါ်အခြေခံပြီး သက်ဆိုင်ရာဗဟုသုတတွေနဲ့ ကျန်းမာနည်းလမ်းတွေကိုလည်း ပြည်သူတွေဆီ အသိပညာပေးခဲ့တယ်လို့လည်းဆိုပါတယ်။
မုံးကိုးခရိုင်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူတွေဟာ လာမယ့်အချိန်တွေမှာလည်း သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး ကျေးလက်ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ ဆက်ပြီးပေးသွားမယ်လို့ဆိုပါတယ်။












