Border News Agency
စစ်ကိုင်း၊ အောက်တိုဘာလ ၃၁။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရခိုင်ကိုပို့ခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တပ်ကြပ်တဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟာ အောက်တိုဘာလ၂၉ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာပြီး မုံရွာမြို့နယ်ပကဖ အမှတ်၂တိုက်နယ်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ နဲ့ ချိတ်ဆက်အလင်းဝင်ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်ကြပ်မှာ မိခင်တပ်ရင်း ဆသရ ၆(ကလေး)မှ ရခိုင်ကိုပို့ခံရတာမို့ ထွက်ပြေးပြီးတော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတပ်ကြပ်ကို စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်မှုရှိ၊ မရှိ စစ်ဆေးနေပြီး အလင်းဝင်တပ်သားတွေကို ရိုက်နှက်တာ၊ အကြမ်းဖက်နှိပ်စပ်တာတွေ မပြုလုပ်ဘူးလို့ ဆိုပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တာမရှိရင် ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဆက်လုပ်ပေးမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။










