Border News Agency
မူး၊ အောက်တိုဘာလ ၃၁။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်တောင်းမြစ်ကမ်းပါးပြိုလို့ နေအိမ်နှစ်ဆယ့်ခုနှစ်လုံးရေစီးနဲ့ မျှောပါသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်၊ ခုံမြောင်(လက်ပံခုံ)ကျေးရွာမှာ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျလို့ နေအိမ်နှစ်ဆယ့်ခုနှစ်လုံးမျှောပါသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အိမ်ထောင်စုနှစ်ဆယ့်ခုနှစ်စုမှ လူဦးရေတရာ့သုံးဆယ်ငါးဦး ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ခုအချိန်အထိကမ်းပါးပြိုကျတာတွေ ဆက်ပြီးဖြစ်ပွားနေတာမို့ စစ်တောင်းမြစ်ကမ်းနဖူးမှာ နေထိုင်တဲ့နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေပါဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။










