Border News Agency
မကွေး၊ နိုဝင်ဘာ ၁၇။
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားသုံးသောင်းကျော်ထွက်ပြေးနေကြရတယ်လို့ ပေါက်မြို့နယ်၊ ပကဖအဖွဲ့မှ နိုဝင်ဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ပေါက်မြို့နယ်ထဲကို နိုဝင်ဘာလ ၁၇ ရက်၊ ဒီနေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းသုံးကြောင်းခွဲ ပြီးဝင်ရောက်လာတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကျေးရွာပေါင်းလေးဆယ်နှစ်ရာမှ အိမ်ထောင်စုခုနှစ်ထောက့်ငါးရာ၊ လူဦးရေသုံးသောင်းငါးထောင်ခန့်ဟု နီးစပ်ဟာတောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပေါက်မြို့နယ် စစ်လက်နက်ထုတ်စက်ရုံ ၂၄ မှ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြည်သူများအနေနဲ့ လက်နက်ကြီး၊ လေကြောင်းရန်၊ စစ်ကြောင်းသတင်းအထူးဂရုစိုက်ပေးကြဖို့လည်း အသိပေးထားပါတယ်။















