Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၂၁။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၃၁ ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်၊ မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးတွေကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပို့ဆောင်ရေးဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် အာဆီယံမိသားစုတွေရဲ့ နားလည်မှု၊ ပံ့ပိုးမှုနဲ့အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေလည်းရှိခဲ့တယ်လို့ စစ်ကော်မရှင်တပ်ရဲ့ဝန်ကြီးချုပ် ဦးညိုစောကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ခုလိုမျိုးရွေးကောက်ပွဲကျင်းပတာဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ထူထောင်ဖို့နဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့အရေး
ကြီးတဲ့မှတ်တိုင်တခုအဖြစ် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံအနေနဲ့ ပိုပြီးခိုင်မာစည်းလုံးညီညွတ်ပြီး အနာဂတ်ကာလမှာ ရှေ့ကိုမျှော်မှန်းနိုင်တဲ့ အသိုက်အဝန်းတခုအဖြစ်ဆက်လက်ရပ်တည်နေမယ်လို့လည်း ဆိုပါတယ်။
အဲဒီအာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ ဆိုပါတယ်။












