Border News Agency
မြဝတီ၊ နိုဝင်ဘာ ၂၅။
DKBA ရဲ့ အကာအကွယ်အောက်လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ)ဒေသရှိ နိုင်ငံတကာရာဇ၀တ်မှုနဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် နိုင်ငံတကာမှပူးပေါင်းပါ၀င်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံးမှ နိုဝင်ဘာလ ၂၅ ရက်၊ ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။
အဲဒီအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ လျင်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နဲ့ အဆောက်အဦအတွင်းပိတ်မိနေတဲ့ နိုင်ငံများစွာမှနိုင်ငံသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရမှုတွေအချိန်နဲ့အမျှ တိုးပွားလာနေတယ်လို့ဆိုပါတယ်။
ဒါကြောင့်ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာမှလေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။
KNU ဟာ ကျန်ရှိနေတဲဘ လူပုဂ္ဂိုလ်တွေကိုဆက်လက်ဖော်ထုတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
KNU ဟာ သူတို့ အုပ်ချုပ်မှုနယ်မြေမှာ တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းဖို့ နိုင်ငံတကာရာဇဝတ်မှုတွေကိုတိုက်ဖျက်ဖို့၊ သားကောင်တွေကိုကာကွယ်ဖို့၊ နယ်စပ်နပြင်ပမှာလှုပ်ရှားနေတဲ့ ရာဇဝတ်မှုကွန်ရက်တွေအတွက် တာဝန်ခံမှုရှိစေဖို့ထိုင်းအစိုးရနဲ့ အခြားသက်ဆိုင်ရာအာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
























