Border News Agency
မင်းတပ်၊ နိုဝင်ဘာ ၂၆။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမင်းတပ်မြို့နယ်၊ တိုက်နယ် ၂ မှ ကျေးရွာတရွာကို နိုဝင်ဘာလ ၂၅ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကျေးရွာကို စစ်ကော်မရှင်တပ်ဟာ မနေ့ည ၁၀ နာရီကျော်အချိန်ခန့်က လေကြောင်းမှလေးကြိမ်ထိ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်မှုမရှိပေမယ့် ပြည်သူ့နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ဆိုပါတယ်။













