Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁ ။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်က Gyrocopterနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီချောင်းဦးမြို့နယ်၊ ချောင်းမနားကျေးရွာကို နိုဝင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ဟာ Gyrocopter နှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူကိုးဦးထဲမှာ စိုးရိမ်ရသူတွေလည်းရှိနေတယ်လို့ရွာသားတွေကဆိုကြပါတယ်။
အဲဒီချောင်းမနားကျေးရွာမှ ဦးခင်မောင်ဝင်းအပါအဝင်နောက်ထပ်တဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ သံဃာတော်တပါးလည်းပါဝင်တယ်လို့ ဆိုကြပါတယ်။
အဲဒီ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့ပါတယ်။











