Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၉။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆယ့်ခြောက်ရက်တာလှုပ်ရှားမှုကို WomenGeneration ပြုလုပ်နေပါတယ်။
အဲဒီအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုကို နိုဝင်ဘာလ၂၅ ရက်နေ့မှဒီဇင်ဘာလ ၁၀ နေ့ထိပြုလုပ်နေတာပါ။
အဲဒီဆယ့်ငါးရက်တာလှုပ်ရှားမှုမှာ အရွယ်ရောက်ပြီးဖြစ်တဲ့ မိန်းကလေးတွေ၊ အရွယ်မရောက်သေးတဲ့မိန်းကလေးတွေ၊ ကလေးတွေ၊ ယောက်ျားတွေနဲ့ ပူးပေါင်းပြီးအသိပညာပေးတာ၊ စိတ်ပိုင်းဆိုင်ရာသက်သာလာအောင်လုပ်ပေးတာ၊ စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့ပစ္စည်းတွေကိုထောက်ပံ့ပေးတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အမျိုးသမီးတွေဟာ အကြမ်းဖက်မူတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်ဖြစ်စေမလုပ်ကြဖို့၊ အချင်းချင်းဖေးမကူညီထောက်ပံ့ကြဖို့၊ အပြန်လေးစားတန်းဖိုးထားကြဖို့၊ အမုန်းစကားတွေမဖြစ်စေဖို့ အတူတူလုပ်ဆောင်သွားကြမယ်လို့လည်းဆိုပါတယ်။













