Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကိုဒီဇင်ဘာလ ၁၀ ရက်နေ့၊ည ၉ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃၃ ဦးသေဆုံးပြီး ၇၆ ဦးဒဏ်ရာရသွားကြတယ်လို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပါတယ်။
အဲဒီဆေးရုံမှာဆေးကုသမှုခံယူနေကြတဲ့လူနာတွေ၊ လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရသွားကြတာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြောက်ဦးဆေး ရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းက ပေါင်းငါးရာဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့်ဆေးရုံအတွင်းကျရောက်ပေါက်ကွဲခဲ့သလိုဆေးရုံအဆောင်တချို့လည်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။












