Border News Agency
နမ့်ဆန်၊ ဒီဇင်ဘာ ၁၀။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အခြေခံစစ်သင်တန်းအပတ်စဥ် ၆၈ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့က သင်တန်းသားဦးရေ ငါးရာ့လေးဆယ်သုံးဦးနဲ့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းမှာ စစ်ဆင်းရေးနဲ့ ရှေ့တန်းမှာ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိကသင်ကြားပေးခဲ့ပြီး သင်တန်းကာလ ၃ လကြာမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
စစ်သင်တန်းဆင်းပွဲကို TNLA ရဲ့ဗိုလ်မှူးချုပ်တားနောရိူန်းနဲ့ ဗိုလ်မှူးကြီးတားပန်လတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။











