Border News Agency
ကရင်နီ၊ ဒီဇင်ဘာ ၁၁။
စစ်ကော်မရှင်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒီဇင်ဘာလ ၁၁ ရက်၊ ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို နေ့စဥ်ဖမ်းဆီးနှပ်စက်သတ်ဖြတ်နေတယ်လို့ဆိုပါတယ်။
အဲဒီလို အပြစ်မဲ့ပြည်သူတွေကိုမရားသတ်ဖြတ်နေတာဟာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ဆိုပါတယ်။
နောက်ပြီး စစ်ကော်မရှင်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ဖို့ပြင်ဆင်နေတာကြောင့် ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။
“လူထုဆန္ဒမပါဝင်တဲ့ ရွေးကောက်ပွဲလုံးဝ အလိုမရှ်ိ၊သင့်မဲနဲ့ လူသတ်ခွင့်မပေးပါနဲ့၊”Our Voice” ”Our Rights” ”Our Fight”ငါတို့အသံငါတို့ အခွင့်အရေး ငါတို့တိုက်ပွဲ၊ အာဏာရှင်မှန်သမျှ ကျဆုံးရမယ်’ဆိုပြီး ကန့်ကွတ်ထားပါတယ်။
















