Border News Agency
ဒီပဲယင်း၊ ဒီဇင်ဘာ ၁၂။
ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီပဲယင်းမြို့နယ် ပအဖ၊ ပလဖနဲ့မြို့နယ်အတွင်းမှ သပိတ်ကော်မတီအဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
“သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့၊ ဖက်ဆစ်ရွေးကောက်၊ ခွေးထွက်ပေါက်၊ မဲမပေးနဲ့သပိတ်မှောက်”ဟူတဲ့ ကြွေးကျော်သံတွေပါဝင်တဲ့ Vinyls တွေ ချိတ်ဆွဲတာ၊ ပြည်သူ့အသံဖော်ထုတ်တာစတဲ့ လှုပ်ရှားမှုတွေပြုခဲ့ကြတယ်လို့ဆိုပါတယ်။
ပြည်သူလူထု၊ လိုလားတောင့်တတဲ့စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်ရာလမ်းကြောင်းကို အတုအယောင်ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး ပူးပေါင်းပါဝင်ကြဖို့အသိပေးထားပါတယ်။











