Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၃။
စစ်ကိုင်းတိုင်း၊ ယင်းမှာပင်မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အပြာရောင်ကမ်ပိန်းပြုလုပ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၃ ရက်၊ ဒီနေ့မှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းမှ ဦးဆောင်ပြုလုပ်ခဲ့တာပါ။
” သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ” ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက် ဆိုပြီးလှုပ်ရှားရေးတွေ ပြုလုပ်နေကြတာပါ။






























