Border News Agency
မန္တလေး၊ ဒီဇင်ဘာ ၁၄။
စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရေးဆိုင်းဘုတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားပါ ဆိုင်းဘုတ်တချို့ကို စိုက်ထူနေကြတာပါ။
ရွှေဘို-မန္တလေးလမ်းမအပါအဝင် အများပြည်သူတွေအသုံးပြုနေတဲ့ လမ်းတချို့မှာအဲဒီဆိုင်းဘုတ်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့က သွားရောက်စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။
Billboard တွေ သွားရောက်ချိတ်ဆွဲတဲ့နေရာမှာ အဆင်ပြေပြေပြီးမြောက်အောင် ကူညီပေးကြတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။












