Border News Agency
ဂျပန်၊ ဒီဇင်ဘာ ၁၄။
ဂျပန်နိုင်ငံမှာ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေး All In One Piece Movement လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၄ရက်၊ ဒီနေ့ ဂျပန်နိုင်ငံ စစ်အခွန်ရုံးရှေ့မှာပြုလုပ်နေတာဖြစ်ပြီး ရခိုင်လူမျိုးတွေလည်းပါဝင်နေကြပါတယ်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချပေးဖို့ ဆန္ဒပြနေကြတာပါ။
အဲဒီအပြင်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းလည်း တက်ရောက်လှုပ်ရှားခဲ့ပါတယ်။


















