Border News Agency
ကလေး၊ ဒီဇင်ဘာ ၁၆။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားရေးတွေပြုလုပ်နေ ကြပါတယ်။
“အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”စာသားတွေနဲ့ ကလေးမြို့ပြည်သူတွေရဲ့အလံမလိပ်၊အသံမတိတ် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ကလေးမြို့ဒေသခံပြည်သူတရပ်လုံးပူးပေါင်းပြီး တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေဆန့်ကျင်ကြဖို့အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
တော်လှန်ရေးတပ်တွေစိုးမိုးဒေသတွေမှာ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အပြင်းအထန်စစ်ကြောင်းထိုးနေပြီး၊ မြို့ပြနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသကပြည်သူတွေကို သေနတ်မိုးပြီး အတင်းအကြပ် မဲထည့်ခိုင်းမှာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ဒေသတွေကပြည်သူတွေလည်း အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံးနည်းလမ်းတွေနဲ့ဆန့်ကျင်ပေးကြဖို့လည်း အသိပေးထားပါတယ်။

















