Border News Agency
မကွေး၊ ဒီဇင်ဘာ ၂၄။
မကွေးတိုင်း၊ ငဖဲမြိို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအနီးရှိ ရှေ့တန်းစစ်မြေပြင်မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး လက်နက်နဲ့အတူအလင်းဝင်လာတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုက ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးဟာ ဒီဇင်ဘာလ ၁၄ရက်နဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ ရှေးတန်းမြေပြင်ရှိ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ပဲ ချင်းကာကွယ်ရေးတပ်-အရှိုဆီ ဘက်ပြောင်းအလင်းဝင်တယ်လို့ ဆိုပါတယ်။











