Border News Agency
မင်းတပ်၊ ဒီဇင်ဘာလ၂၆။
ခရစ္စမတ်နေ့မှာ ချင်းပြည်၊ မင်းတပ်မြို့ပေါ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အများအပြားပျက်စီးသွားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ဒီဇင်ဘာလ ၂၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမင်းတပ်မြို့တနေရာကို ဒီဇင်ဘာလ ၂၅ ရက်၊ ညနေ ၅ နာရီကျော်အချိန်ခန့် စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ခုနှစ်လုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခရစ်စ္စမတ်နေ့ တရက်တည်းမှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်ငါးဆယ်ငါးနှစ်အရွယ် အမျိုးသမီးတဦးသေဆုံးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပါအဝင် တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်ရက်ဆက်လုပ်လုပ်နေတာကြောင့် အရပ်သားတွေ၊ သေဆုံးဒဏ်ရာရနေကြပါတယ်။









