Border News Agency
ရွေဘို၊ ဒီဇင်ဘာ ၂၆။
စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလက်မခံကြောင်း လက်ဗွေနှိပ်ဆန္ဒပြခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဒီဇင်ဘာလ ၂၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူးလို့ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်တပ်က သူတို့ရဲ့ နယ်မြေစိုးမိုးမှုပိုရရှိဖို့နဲ့ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းဖို့အတွက် အရပ်သားဦးတည်လေကြောင်းတိုက်ခိုက်မှုတွေပိုပြီး လုပ်ဆောင်လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ စစ်ကော်မရှင်တပ်က ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ ခေါင်းစဉ်ပြောင်းတဲ့အတုအယောင် ရွေးကောက်ပွဲသာဖြစ်တယ်လို့ ဆိုပါတယ်။



















