Border News Agency
ဘူးသို၊ ဒီဇင်ဘာ ၂၈။
မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီဇင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီရွေးကောက်ပွဲဆန့်ကျင်ရေးကို ကရင်လူငယ်အစည်းအရုံး (KYO) နဲ့ မူတြော်ခရိုင်အတွင်းရှိတာဝန်ရှိ ခေါင်းဆောင်တွေဦးဆောင်ကာ ဘူးသိုမြို့နယ်အတွင်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဘူးသိုမြို့နယ်အတွင်းရှိ လူဦးရေလေးရာနီးပါးပါဝင် ဆန္ဒပြထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။















