Border News Agency
သထုံ၊ ဒီဇင်ဘာ ၂၈။
မွန်ပြည်၊ သထုံမြို့နယ်မှာ စစ်ကော်မရှင်တပ်ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီဇင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဆန္ဒပြပွဲကို ကရင်လူငယ်အစည်းအရုံး KYO နဲ့KNU ဒူးသထူခရိုင်အတွင်းရှိ တာဝန်ရှိခေါင်းဆောင်တွေကဦးဆောင်ပြီး သထုံမြို့နယ်အတွင်း ငြိမ်းချမ်းစွာလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲကို သထုံမြို့နယ်အတွင်းရှိ လူဦးရေတထောင့်လေးရာကျော်ပါဝင် ဆန္ဒပြထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။














