Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

​ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှု ဆက်ရှိနေပြီးအစ္စရေးက လက်ဘနွန်ကိုဗုံးကြဲ

Ref/Photo - Al Jazeera

Ref/Photo - Al Jazeera

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊​မေ ၁၀။

​အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်အနေနဲ့ အီရန်ရေနံတင်သင်္ဘောတွေနဲ့ ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်လာရင် ဒေသတွင်းက အမေရိကန်စစ်စခန်းတွေကို ပြန်လည်တိုက်ခိုက်မယ်လို့ သတိပေးလိုက်ပါတယ်။

အဲဒီ ဟော်မုဇ်ရေလက်ကြားမှာ ရက်အတော်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အခြေအနေက ပြန်ငြိမ်နေပေမယ့် စစ်ရေးတင်းမာမှုကတော့ မြင့်တက်နေဆဲပါ။

​ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ဝင်ဖို့ကြိုးစားတဲ့ သင်္ဘောတွေကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့သလို အီရန်ဘက်ကလည်း အမေရိကန်စစ်သင်္ဘောတွေကို ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုတွေအတွင်း အီရန်သင်္ဘောသားတဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

​အဲဒီအပြင် တဖက်မှာလည်းအစ္စရေးဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အပြင်းအထန် ဆက်လက်ဗုံးကြဲနေပြီး စနေနေ့က တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲဒီသေဆုံးသူတွေထဲမှာ ဘေးလွတ်ရာကို တိမ်းရှောင်လာကြတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားတွေ အများအပြား ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

​ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့မယ့် သင်္ဘောအုပ်စုကြီးဟာ တူရကီနိုင်ငံ ကမ်းခြေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီသင်္ဘောတွေကို အစ္စရေးစစ်တပ်က ကြားဖြတ်ဟန့်တားတာတွေ လုပ်ခဲ့သလို ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးပြီး နိုင်ငံပြင်ပကို နှင်ထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

​အစ္စရေးနိုင်ငံတွင်းမှာတော့ နေတန်ယာဟု အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တဲလ်အဗီးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေက လက်ဘနွန်ကို တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ စစ်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

​လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးက အစွန်းထွက် ပစ်ခတ်မှုတွေ ရှိနေပေမယ့် တည်မြဲနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးတွဲစစ်ဆင်ရေးတွေကြောင့် ဒေသတွင်း ရေနံနဲ့ စွမ်းအင်ကဏ္ဍတွေ ပျက်စီးပြီး ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။

PrevPrevious​ဂျပန်ဖိုက်တာကို အလဲထိုးပြီး UFC ချန်ပီယံခါးပတ်ကို ဂျော့ရှုဝါဗန် ပထမဆုံးအကြိမ် ကာကွယ်နိုင်
Next​ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ပူတင်ပြောNext
Previous Post

​ဂျပန်ဖိုက်တာကို အလဲထိုးပြီး UFC ချန်ပီယံခါးပတ်ကို ဂျော့ရှုဝါဗန် ပထမဆုံးအကြိမ် ကာကွယ်နိုင်

Next Post

​ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ပူတင်ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​မြန်မာ့မီဒီယာမှာ အမျိုးသမီးပါဝင်မှု မြင့်တက်လာပေမယ့်သတင်းလွတ်လပ်ခွင့်နဲ့ လုံခြုံရေး စိုးရိမ်ရဆဲ

May 10, 2026

​ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ပူတင်ပြော

May 10, 2026
ဓာတ်ပုံ - UFC

​ဂျပန်ဖိုက်တာကို အလဲထိုးပြီး UFC ချန်ပီယံခါးပတ်ကို ဂျော့ရှုဝါဗန် ပထမဆုံးအကြိမ် ကာကွယ်နိုင်

May 10, 2026

အာရက္ခမြေက အမျိုးသမီးများ ယစ်ပလ္လင်ထဲ ဝတ္ထုပြုခံရခြင်း

May 10, 2026

​မြန်မာ့မီဒီယာမှာ အမျိုးသမီးပါဝင်မှု မြင့်တက်လာပေမယ့်သတင်းလွတ်လပ်ခွင့်နဲ့ လုံခြုံရေး စိုးရိမ်ရဆဲ

​ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ပူတင်ပြော

​ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှု ဆက်ရှိနေပြီးအစ္စရေးက လက်ဘနွန်ကိုဗုံးကြဲ

​ဂျပန်ဖိုက်တာကို အလဲထိုးပြီး UFC ချန်ပီယံခါးပတ်ကို ဂျော့ရှုဝါဗန် ပထမဆုံးအကြိမ် ကာကွယ်နိုင်

အာရက္ခမြေက အမျိုးသမီးများ ယစ်ပလ္လင်ထဲ ဝတ္ထုပြုခံရခြင်း

ဂန့်ဂေါမှာ တော်လှန်ပြည်သူတွေ လူထုလှုပ်ရှားမှုပြုလုပ်

Releated Post

ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်

ဂန့်ဂေါမှာ တော်လှန်ပြည်သူတွေ လူထုလှုပ်ရှားမှုပြုလုပ်

May 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page