Border News Agency
တရုတ်၊ဇွန် ၁၆။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ပေကျင်းမြို့ရှိ Great Hall ခန်းမမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇွန်လ ၁၆ ရက်၊ဒီနေ့မနက်ပိုင်းမှည တွေ့ဆုံခဲ့ပါတယ်။
တရုတ်ဘက်က ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုအပြီးမှာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာတွေရေးထိုးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးမယ်လို့ဆိုထားပေမယ့်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒီခရီးစဉ်မှာတော့ အာဏာသိမ်းစစ်တပ်အတွက် အဓိကကျတဲ့ စီးပွားရေးနဲ့ စစ်ရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ တရုတ်ရဲ့အကူအညီကို အဓိကထား ရှာဖွေနေပုံရပါတယ်။
အာရက္ခဒေသအပါအဝင် နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးမှုတွေ ရှိလာနိုင်တာကြောင့် ဒေသတွင်း သက်ရောက်မှုတွေကို စောင့်ကြည့်ရမှာပါ။






























