Border News Agency
ဖားအံ၊ ဒီဇင်ဘာ ၂၈။
ကရင်ပြည်၊ ဖားအံမြို့နယ်မှာ ပြည်သူလေးထောင် စစ်ကော်မရှင်တပ်ပြုလုပ်နေတဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြနေကြတယ်လို့ ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးမှ ဒီဇင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆန္ဒပြပွဲကို ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးမှ ဦးဆောင်ပြီးကေအဲန်ယူ-ကရင်အမျိူးသားအစည်းအရုံးထိန်း(ကော်သူးလေ)ချုပ်နယ်မြေ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်မှာ ဒီနေ့ပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းကို ပြည်သူလူထုလေးထောင်ခန့်ဟာ ဆိုင်ကယ်၊ ကား၊ ခြေလျှင်နဲ့ ဒုတိယအကြိမ်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
























