သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်
Border News Agency
သံတွဲ၊ ဒီဇင်ဘာ ၃၁။
အာရက္ခတပ်တော်ထိန်းထားတဲ့သံတွဲခရိုင်၊ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို ဒီဇင်ဘာလ ၃၁ ရက်၊ နယူးရီးယား ညနေစောင်း ၇ နာရီ ၂၈ မိနစ်အချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒိီလို တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ မီးလောင်နေပြီး အထိအခိုက်၊ သေဆုံးမှုတွေကို လောလောဆယ် မသိရသေးပါဘူး။








