Border News Agency
မကွေး၊ ဒီဇင်ဘာ ၃၁။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ် အမှတ် ၄ဝ၉ အမြောက်တပ်စခန်းအနီးရှိ မင်းဘူး-အမ်းလမ်းပေါ်မှာ ကင်းချတပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်အရှိုက ဒီဇင်ဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်၊ အမှတ် ၄ဝ၉ အမြောက်တပ်စခန်းကာကင်းဖြစ်တဲ့ စာတတ်ကူဂိတ်ကို လူ့ဘောင်သစ်တပ်မတော်(NSA)နဲ့ ပူးပေါင်းပြီး ဒီဇင်ဘာ လ ၂၇ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရသွားပြီး လူနာတင်ကားနှစ်စီးနဲ့ သယ်သွားတယ်လို့ဆိုပါတယ်။
အဲဒီစာတတ်ကူရွာကင်းဂိတ်စခန်းဟာ အရပ်သားပြည်သူတွေအပေါ် ရိုင်းပြစွာပြုမူတာ၊ ဂိတ်ဖြတ်သန်းသွားလာတဲ့ ပြ ည်သူတွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာတွေရှိတာကြောင့် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်မှပြုလုပ်တဲ့ အတုယောင်ရွေးကောက်ပွဲကို တော်လှန်ပြည်သူလူထုတရပ်လုံးနဲ့အတူ ဆန့်ကျင်တယ်လို့လည်းဆိုပါတယ်။






