Border News Agency
ပဲခူး၊ ဇန်နဝါရီ ၂။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းက ဇန်နဝါရီလ ၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနတ်တလင်းမြို့နယ်၊ တယ်လေးကျေးရွာအနီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင်ကလေးငယ်တဦး အပါအဝင်လေးဦးက သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတယ်လေးကျေးရွာကို စစ်ကော်မရှင်တပ်ဟာ ရွယ်ရည်ချက်ရှိရှိလေကြောင်းမှ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်မိသားစုတစုတည်းမှ ကလေးတဦးအပါအဝင် သုံးဦး၊ သက်ကြီးရွယ်အို တဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကလေးတဦးအပါအဝင် လေးဦးဒဏ်ရာရသွားသလို နေအိမ်တွေလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေ၊ သူတို့ ထိန်းချုပ်ထားဆဲမြို့တွေကိုလည်း လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဥ်ပြုလုပ်နေတာမို့ အရပ်သားတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။











