Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၃။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကဦးဆောင်ပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဘုတလင်မြို့နယ် သပိတ်အင်အားစုနဲ့ ဒီပဲယင်းမြို့နယ် သပိတ်အင်အားစုလေးမြို့နယ်ပေါင်းပြီး သပိတ်မှောက်ဆန္ဒပြခဲ့ကြတာပါ။
သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး ”ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” ဘန်နာစာသားကိုင်ဆောင်ကာ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာတရွာမှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်က ရက်စက်ယုတ်မာမှုတွေပြုလုပ်နေပေမယ့် ပြည်သူတွေကြောက်ရွံ့မှုမရှိကြောင်း၊ ဆက်ပြီးတော်လှန်နေမှာဖြစ်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတယ်လို့ဆိုပါတယ်။
















