Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၅။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာ ဒေသထွက်မြေကောင်းတွေကိုအသုံးပြုပြီး သောက်ရေအိုးတွေ၊ ဟော့ပေါ့အိုးတွေ ထုတ်လုပ်နေကြပါတယ်။
အဲဒီအိုးတွေကို လက်မှုအတတ်ပညာသက်သက်နဲ့သာ ပြုလုပ်နေတာဖြစ်ပြီး ခေတ်မီတဲ့ဒီဇိုင်းတွေဖန်တီးနိုင်ဖို့ စက်ကိရိယာတွေ၊ နည်းပညာအကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီအိုးလုပ်ငန်းဟာ အသက်မွေးဝမ်းကျောင်းပညာသာမကဘဲ တန်ဖိုးရှိတဲ့လက်မှုအနုပညာလည်းဖြစ်တာမို့ ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ လုပ်ကိုင်နေကြသူတွေက ဆိုကြပါတယ်။
အဲဒီမြေအိုးတွေကို အရည်အသွေးမြှင့်တင်ပြီး ပြည်တွင်းမှတဆင့် ကမ္ဘာ့ဈေးကွက်ထိထိုးဖောက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။















