Border News Agency
မကွေး၊ ဇန်နဝါရီလ ၄။
ပခုက္ကူခရိုင်စစ်ဌာနမှာ အခြေခံစစ်ပညာစုပေါင်းမွမ်းမံအပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းကို ပခုက္ကူခရိုင်တပ်ရင်းတွေနဲ့ အညာမြေတပ်ပေါင်းစုတို့ပူးပေါင်းပြီး ဇန်နဝါရီလ ၁ ရက်နေ့က ဒေသတွင်းတနေရာမှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာပါ။
အဲဒီသင်တန်းဟာ ရက်ပေါင်းခုနှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီး သင်တန်းသားခြောက်ဆယ့်ရှစ်ဦး တတ်ရောက်ခဲ့ပါတယ်။
သင်တန်းဆင်းပွဲကို ပခုက္ကူခရိုင်တပ်ရင်းတွေ၊ အညာမြေတပ်ပေါင်းစုနဲ့ သက်ဆိုင်ရာတပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ခံတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီသင်တန်းမှာ အညာမြေတပ်ပေါင်းစုနဲ့အတူ ပခုက္ကူခရိုင်တပ်ရင်းတွေ၊ BURMA Federal Column – BFC၊ PI pdf နဲ့ Yaung guerilla force စတဲ့ တပ်ဖွဲ့တွေမှ သင်တန်းသားတွေ လေ့ကျင့်သင်ကြားခဲ့ကြတာပါ။
ဒီမွမ်းမံသင်တန်းကို အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖက်ဒရယ်စနစ်ထွန်းကားရေး၊ လက်ရုံးရည်နဲ့ နှလုံးရည်ပြည့်ဝစေရေး စတဲ့ရည်ရွယ်ချက်တွေနဲ့လုပ်တာလို့ ဆိုပါတယ်။














