BNA

တောင်ကုတ်ခရိုင်

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

Border News Agencyမာန်အောင်၊ အောက်တိုဘာ ၁၃။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်မြို့နယ်မှာ ရခိုင်တိုင်းရင်းသားများပါတီ(RNP)ဟာ ရုံးဖွင့်လိုက်ပြီလို့ မာန်အောင်ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမာန်အောင်မြို့နယ်၊ ကအီးကျေးရွာမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်တိုင်းရင်းသားများပါတီ ရုံးဖွင့်ခဲ့တာလို့ဆိုကြပါတယ်။ အဲဒီအပြင် ကုန်တန်းနဲ့တခြားကျေးရွာတွေမှာလည်း...

Read more

မာန်အောင်မြို့နယ်မှာ စစ်ကော်မရှင်က ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြန်ပြင်နေ

Border News Agencyမာန်အောင်၊ အောက်တိုဘာ ၇။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်မြို့နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေတပ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။ အဲဒီမာန်အောင်မြို့ကို စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကော်မရှင်သွားရောက်ခဲ့ပြီး လမ်းတံတားတွေ၊ ဆက်သွယ်ရေးအခြေအနေတွေကို စစ်ဆေးကြည့်ခဲ့တယ်လို့ အောက်တိုဘာလ ၇ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။...

Read more

တောင်ကုတ်မြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyတောင်ကုတ်၊ စက်တင်ဘာ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို စက်တင်ဘာလ ၂၆ရက်၊ဒီနေ့ ညနေမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို ဒီနေ့ညနေသုံးနာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်တိုက်လေယာဥ်နဲ့ပေါင်ငါးရာဗုံးတလုံးကြဲချတိုက်လိုက်ခဲ့တာပါ။ အဲဒီပေါင်ငါးရာဗုံးကျရောက်ပေါက်ကွဲလို့ တပ်ဦးဘုန်းကြီးကျောင်းဆောင်ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အဲဒီတောင်ကုတ်မြို့ကို အာရက္ခတပ်တော်က ၂၀၂၄...

Read more

တောင်ကုတ်မြို့ရှိ နန်းဒေဝိကေတီဗွီမှာတရားမဝင်အရက်၊ ဘီယာတွေ သိမ်းဆည်း

Border News Agencyတောင်ကုတ်၊ သြဂုတ် ၃၁ ။ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်ကျေးရွာရှိနန်းဒေဝီကေတီဗွီ(KTV )မှ ပြည်ပထုတ်တရားမဝင်အရက်၊ ဘီယာတွေကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက သိမ်းဆည်းရမိခဲ့ပါတယ်။ အာရက္ခအစိုးရက တရားမဝင်ထုတ်ပြန်ထားတဲ့ ပြင်ပထုတ်အရက်၊ ဘီယာတွေကို ဝက်ကျိတ်ကျေးရွာရှိ နန်းဒေဝီကေတီဗွီမှာရောင်းချနေတာမို့...

Read more

တောင်မင်းကျော်ထွီးမြေ၌ နတ်သစ်ရွက်တို့ ပျောက်ဆုံးခြင်း

မောင်တူရေးသည်။ Border News Agencyတောင်ကုတ်၊ ဇူလိုင် ၁၀။ ဟိန္ဒူဘာသာဝင်များ၏ကျမ်းစာအဆိုအရ နတ်သစ်ရွက်(The Celestial Leaf)အဖြစ် တင်စားသောသစ်ရွက်အား တမ်ဘူလ(Tambula)ဟုခေါ်ကြသည်။အဆိုပါ တမ်ဘူလမှာအခြားမဟုတ်ပေ။ကွမ်းရွက်(Betel)ပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်ကာလကရေးခဲ့သည့် ဟိန္ဒူပေါရာဏကျမ်းများအဆိုအရ ကွမ်းရွက်သည်ဂန္ဓဝင်ဆန်၏။ရာဇဝင်ဆန်၏။ ထိုကျမ်းများ၏အဆိုအရ ကွမ်းရွက်အောက်ပိုင်းတွင်...

Read more

တောင်ကုတ်မှာ မြေမြုမိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Border News Agencyတောင်ကုတ်၊ဇွန် ၃၀ ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မှာ ဇွန် ၃၀ ရက်၊ဒီနေ့မနက်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားပါတယ်။ အဲဒီတောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်က သုံးဆယ်ရှစ်နှစ်အရွယ်ဦးစိုးနိုင်မှာ မြေမြုပ်မိုင်းနင်မိလို့ ညာဖက်ခြေထောက်ပြတ်ထွက်သွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေပါတယ်။ ဦးစိုးနိုင်ဟာ သူ့ဇနီးနဲ့တတူ ဒီနေ့မနက်...

Read more

တောင်ကုတ်မှာ မြေမြုပ်မိုင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

Border News Agencyတောင်ကုတ်၊ ဇွန် ၂၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားပါတယ်။ အဲဒီတောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာ ၁ လမ်းနေအသက်လေးဆယ်ငါးနှစ်အရွယ် ဦးသိန်းဝင်းမှာခန္တကိုယ်အနှံ့ ဒဏ်ရာပြင်းရသွားပါတယ်။ သူဟာ မနေ့ည...

Read more

တောင်ကုတ်မှာ ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံး

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၂၅ ရက်၊ဒိီ​နေ့မနက်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်သိန်းမှာ ဦးဂေါင်းပွင့်ထွက်သွားသလို၊ညာဖက်ခြေထောက်ပြတ်ထွက်သွားတာကြောင့်သေဆုံးသွားခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။ ဦးမောင်သိန်းဟာ ဧပြီလ ၂၅၊ မနက်...

Read more

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၆ ရက်နေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုဟိန်းမင်းစိုးမှာ ညာဖက်လက်ညိုးပြတ်ထွက်သွားသလို လည်ပင်းမှာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူဟာ ဒီနေ့၊နေ့လည်...

Read more

မာန်အောင်မြို့နယ်မှာ ရွံ့မီးတောင်ပေါ က်ကွဲ

မာန်အောင်မြို့နယ်၊ နဂါးရွာအနီးမှာ ရွံ့မီးတောင်ပေါက်ကွဲခဲ့တယ်လို့ ဧပြီလ ၆ ရက်၊ ဒီနေ့ မာန်အောင်ဒေသခံတဦးက သူရဲ့လူမှုကွန်ရက်ပေါ်ဖော်ပြထားပါတယ်။ ဘယ်နေ့ကပေါက်ကွဲခဲ့တယ်ဆိုတာကို ရက်အတိအကျမဖော်ပြထားပေမယ့် မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနော က် ရွံ့မီးတောင်ပေါက်ကွဲတာလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား...

Read more
Page 1 of 3 1 2 3

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here