Border News Agency
မကွေး၊ ဇန်နဝါရီ ၆။
မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကော်မရှင်တပ်လေကြောင်းမှ သုံးရက်ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးသွားတယ်လို့ ယောအလင်းတန်းမှ ဇန်နဝါရီလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကိုစစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလ ၆ ရက်၊ ဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က လေကြောင်းမှ ဗုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တောင်ခင်ရန်းရွာကို ဇန်နဝါရီလ ၅ ရက်၊မနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေနဲ့သိုလှောင်ထားတဲ့စပါးတင်းခြောက်ရာကျော် ပျက်စီးသွားတယ်လို့ဆိုပါတယ်။
နောက်ပြီး ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသဖက်မှာလည်း ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းမှ ဗုံးခုနှစ်ဆယ်ကျော်ထိတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ယောဒေသက ပြည်သူတွေ၊ ပြည်သူ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ခုရက်ပိုင်းတွေမှာ လေကြောင်းရန်အထူးကြိုတင်သတိထားကြဖို့အသိပေးထားပါတယ်။











