Border News Agency
ဂန့်ဂေါ၊ ဇန်နဝါရီ ၈။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးတပါးနဲ့ ကိုရင်တပါးဒဏ်ရာရသွားတယ်လို့ ယောအလင်းတန်းက ဇန်နဝါရီလ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမြင်းဇာကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဇန်နဝါရီလ ၇ ရက်၊ ညနေ ၆ နာရီ ၃၆ မိနစ်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းမှ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါးနဲ့ ကိုရင်တပါးဒဏ်ရာရသွားသလို ဘုန်းကြီးကျောင်းအတွင်းရှိအဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာကို ဇန်နဝါရီလ ၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေနဲ့ သိုလှောင်ထားတဲ့စပါးအများအပြားပျက်စီးခဲ့ပါတယ်။
အဲဒီယောဒေသဂန့်ဂေါခရိုင်မှာ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားငါး
ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ယောဒေသက ပြည်သူတွေ၊ ပြည်သူ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ခုရက်ပိုင်းတွေမှာ လေကြောင်းရန်အထူးကြိုတင်သတိထားကြဖို့အသိပေးထားပါတယ်။










