Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၈။
တရုတ်စီမံကိန်းတွေရှိတဲ့ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်သိမ်းပိုက်ဖို့အဓိကနေရာတွေကို ထိုးစစ်ဆင်နေပြီးဇန်နဝါရီလ ၈ ရက်၊ ဒီနေ့မနက်ပိုင်းက ကျောက်ဖြူ-မအီလမ်းခွဲရှိ စစ်ကော်မရှင်တပ်အထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ဟာလေကြောင်းပစ်ကူ အများအပြားအသုံးပြုခုခံနေပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေပါတယ်။
အဲဒီလမ်းခွဲအထိုင်စခန်းဟာ ကျောက်ဖြူမြို့နဲ့ ဆယ်မိုင်ဝန်းကျင်အကွာမှာရှိပြီး ကျောက်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရင်းတွေအတွက်စစ်ရေးအရအရေးပါတဲ့နေရာဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“ရွေးကောက်ပွဲနောက်ပိုင်းကစပြီးတပ်တော်ကပြန်ပြီးထိုးစစ်ဆင်သိမ်းယူနေတာပါ။ တပ်တော်ဆုတ်ပေးထားတဲ့နေရာတွေရော့၊ စစ်တပ်အထိုင်းစခန်းတွေကိုပါ အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။ တပ်တော်ကအပြီးသိမ်းမယ့်ဗျူဟာထင်ပါတယ်။ စစ်တပ်ကတော့လေကြောင်းကတအားလာပစ်ပေမယ့် ဆုတ်ပြေးနေရပါတယ်။”လို့ ကျောက်ဖြူမြို့ နယ်မှမြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ပြီးခဲ့တဲ့တနှစ်လုံးအာရက္ခတပ်တော်က ကြိုးစားထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးကျောက်ဖြူမြို့အနီးငါးမိုင်ပတ်လည်ထိတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတ ယ်။
ဒါပေမယ့် စစ်ကော်မရှင်တပ်က ကြည်းရေလေပူးပေါင်းပြီးဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ဆုံးခုခံသလို တရုတ်ဖိအားတွေကြောင့် အာရက္ခတပ်တော်ပြန်ဆုတ်ပေးခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့သိမ်းတိုက်ပွဲဟာ နှစ်ဘက်အပြန်အလှန်အဆုတ်အတက်များခဲ့ကြသလို အပြန်အလှန်သိမ်းပိုက်တာတွေများခဲ့ပေမယ့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူများခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်က ထိုးစစ်ဗျူဟာပြောင်းပြီးအပြင်းအထန်ထိုးစစ်ဆင်သိမ်းယူဖို့ အပြင်းထန်ဆုံးတိုက်ခိုက်နေတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“တပ်တော်က အဆုတ်အတက်ကစားပြီးစစ်တပ်ထိုးစစ်ကို အမျိုးမျိုးကစားပြီးပြီ။ ဆုတ်ခံသတ်ကွင်းတွေကိုခေါ်စစ်တပ်အင်အားတွေကို အများကြီးဖြုန်းတီးထားပြီပြီ။ စစ်တပ်ထိုးစစ်၊ ခံစစ်ဗျူဟာတွေ၊ အားနည်းချက်တွေအကုန်လုံးကိုသိသွားလို့ အပြီးသတ်ထိုးစစ်ဗျူဟာဆင်တာလို့မြင်ပါတယ်။”လို့ကျောက်ဖြူမြို့ နယ်မှမြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဟာ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံနေသလို ခေတ်မီဒရုန်းတွေကိုအများဆုံးအသုံးပြုခုခံနေတာမို့ အာရက္ခတပ်တော်က အချိန်ယူတိုက်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံကစစ်ကော်မရှင်တပ်ကို နည်းပညာတွေ၊ စစ်ရေးနည်းဗျူဟာတွေ ကူညီထောက်ပံ့နေသလို အရပ်သားပြည်သူနေရာတွေကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အာရက္ခတပ်တော်က အထူးသတိထားတိုက်ခိုက်နေရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲဟာ အပြင်းထန်ဆုံးနဲ့အချိန်အကြာဆုံးမြို့သိမ်းတိုက်ပွဲဖြစ်နိုင်တာမို့ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေ သေဆုံးဒဏ်ရာရပေးဆက်ရမှုများနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။






