Border News Agency
ဘန်ကောက်၊ ဩဂုတ် ၁၉။
ထိုင်းနိုင်ငံရှိမြန်မာသံရုံးမှာ အလည်ပတ်စ်ပို့ (PV)ကိုင်ထားသူတွေ စာအုပ်သက်တမ်းတိုးတာ ဒါမှမဟုတ် တခြားပတ်စ်ပို့အမျိုးအစားကိုပြောင်းလဲတာတွေကို နေပြည်တော်က ခွင့်ပြုမိန့်ရမှလုပ်ပေးတော့မယ်လို့ဆိုပါတယ်။
အရင်ကအလည်ပတ်စ်ပို့မှ တခြားပတ်စ်ပို့အမျိုးအစားကိုပြောင်းရင် ရက်ချိန်းကြိုယူပြီး နေ့ချင်းပြီးလဲပေးခဲ့ပေမယ့် ခုတော့အချက်အလက်တွေကို သံရုံးဆီစာတင်ပြရမှာဖြစ်လို့ စည်းကမ်းတွေတင်းကြပ်လိုက်တာပါ။
အဲဒီစည်းကမ်းတွေတင်းလိုက်တာကြောင့် ထိုင်းမှာအလည်ပတ်စ်ပို့နဲ့ အလုပ်လုပ်နေသူတွေ၊ကျောင်းတက်နေသူတွေ၊မှီခိုဗီဇာနဲ့ နေထိုင်သူတွေ သက်တမ်းတိုးဖို့ အခက်အခဲတွေကြုံနေကြရပါတယ်။
အဲဒီအလည်ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ အမျိုးအစားပြောင်းတာတွေကို နေပြည်တော်ကခွင့်ပြုမှလုပ်ပေးမယ်ဆိုတာကို ဘန်ကောက်ရှိမြန်မာသံရုံးကတရားဝင်မထုတ်ပြန်သေးပါဘူး။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူအများအပြားဟာ အိမ်နီးချင်းထိုင်းနိုင်ငံကို ပုံစံမျိုးစုံပြောင်းရွှေ့နေထိုင်နေကြပါတယ်။










