Border News Agency
ဝက်လက်၊ ဩဂုတ် ၁၈။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးသွားတယ်လို့ ပကဖ၊ဝက်လက်မြို့နယ်မှ ဩဂုတ်လ ၁၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ်အရှေ့တောင်ခြမ်းကို ဩဂုတ်လ ၁၈ရက်၊ဒီနေ့မနက် ၈ နာရီ ၅၂ မိနစ်အချိန်ခန့်က တိုက်လေယာဥ် နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုလေကြောင်းမှတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်းအများအပြားပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကိုသတိထားနေထိုင်ကြဖို့ကိုလည်း ပကဖ၊ဝက်လက်မြို့နယ်မှအသိပေးထားပါတယ်။









