Border News Agency
ကမ္ဘောဒီးယား၊ ဩဂုတ် ၁၈။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လာမယ့်စက်တင်ဘာလဆန်းပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်ဖို့ ရှိနေပါတယ်။
သူဟာခုရုရှားနိုင်ငံသို့ရောက်ရှိနေပြီး ခရီးစဉ်အတွင်းရုရှားသမ္မတ၊ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့အပြင် စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
တွေ့ဆုံမှုတွေအတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်ဖို့စီစဉ်ထားတာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရုရှားခရီးစဉ်မတိုင်မီ ထိုင်း၊လာအို၊တရုတ်နဲ့ အိန္ဒိယနိုင်ငံကိုလည်းသွားရောက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိရေးနဲ့ ဒေသတွင်းထောက်ခံမှုရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေကို ဆက်တိုက်သွားရောက်နေတာလည်းဖြစ်ပါတယ်။






